
- Main
- Catalog
- News and Media
- Advertising on the Telegram channel «မြဝတီသတင်း»
Advertising on the Telegram channel «မြဝတီသတင်း»
Hello, Welcome here!
Channel statistics
📅 January 20, 2026 at 01:12 PM
ရန်ကုန်၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းက ရွာသစ်ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းမြောက်ခြမ်းရှိ ထုံးဘိုရွာနှင့် ရှားကွဲရွာတို့ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသစ်ရွာကို ဝင်ရောက်စီးနင်း၍ ပြည်သူပိုင် နေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် မီးလောင်ပြာကျသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ငါးရယ် ၊ရှိမ်းမကား ၊ရှိမ်းမကားရွာသစ် ၊အင်ဒေါင်း ၊ မင်းရွာတောင် ၊ရွာသာ ၊ ကမ်းဖြူ ၊ မှော်ဦး ၊ ရေလည်မော် ၊သက်ရက်ပင် ၊ ငါးပတ်ချောင်း ၊ ဂူကြီး ၊ သစ်ဆိပ့် ၊ လှေပို့ဆိပ် ၊ ရွာသစ် ၊ ရေဂမိုး ၊ ရှားကွဲ နှင့် ထုံးဘို ကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ် အတွင်းရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အတွင်း လက်နက်ကြီးများ အပြင် အသေခံဒရုန်းများဖြင့်လည်း ကျေးရွာများကို နေ့စဉ် တိုက်ခိုက်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများရှိကြောင်း သိရသည်။
ပြည်သူတွေ ဖမ်းဆီးခံရတာတော့ မကြားမိသေးဘူး။ စစ်ခွေး မြေပြင် စစ်ကြောင်းကလည်း အရှေ့ခြမ်းမြောက်ခြမ်းကို ဒီနေ့ စစ်ကြောင်းထိုးလာပြီး ရွာသစ်ရွာကို ၂ ကြိမ် မီးရှို့ဖျက်ဆီးတယ်။ စစ်ခွေးစစ်ကြောင်းက ရွာအနီးမှာပဲရှိသေးတော့ ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာ တော်တော်များတယ် ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလပိုင်းမှ စတင်၍ ဝက်လက်မြို့နယ်အတွင်းရောက်ရှိလာကာ ကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁ လခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုက အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ်(ပုံအဟောင်းဖြစ်သည်)
The post ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းက ရွာသစ်ရွာကို မီးရှို့ဖျက်ဆီး appeared first on Khit Thit Media.
🔗 ဖတ်ရန်: https://yktnews.com/2026/01/240672/
📌 Khit Thit Media
📅 January 20, 2026 at 10:26 AM
📌 Myanmar Now
🔗 ဖတ်ရန်: https://myanmar-now.org/mm/news/71344/
📌 Myanmar Now
📅 January 20, 2026 at 11:44 AM
📌 Myanmar Now
🔗 ဖတ်ရန်: https://myanmar-now.org/mm/news/71350/
📌 Myanmar Now
📅 January 20, 2026 at 10:13 AM
ချက်သမ္မတနိုင်ငံ ရှရစ်ဘ်-စ်ကာ မြို့ရဲ့ မြို့တော်ခန်းမမှာ ဇန်နဝါရီ ၁၉ ရက် မနက်က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ရာမှာ လူတယောက်သေဆုံး၊ ရဲအရာရှိ ၃ ယောက်အပါအဝင် အနည်းဆုံး ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားလည်း သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပရာ့ဂ်မြို့မြောက်ဘက် ၁၁၀ ကီလိုမီတာ (၇၀ မိုင်) အကွာရှိ ရှရစ်ဘ်-စ်ကာ မြို့ အဆောက်အအုံကို လုံခြုံအောင် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိအချိန်မှာ အကြမ်းဖက်မှု ဒါမှမဟုတ် အစွန်းရောက်ဝါဒဆိုင်ရာ ရည်ရွယ်ချက်ရှိကြောင်း ပြသနေတဲ့ အချက်အလက် မရှိသေးကြောင်းနဲ့ နိုင်ငံရေး၊ ဘာသာရေး အကြောင်းရင်းကြောင့် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုလည်း မဟုတ်ကြောင်း၊ အချက်အလက်အားလုံးအရတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးနဲ့ဆိုင်တဲ့ အကြောင်းရင်းကြောင့် ဖြစ်ပွားခဲ့တာလို့သာ ရှုမြင်ရကြောင်း ရဲတပ်ဖွဲ့က X ပေါ်မှာ ပြောကြားခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး လူဘိုမီယာ မက်နာ က “မနက်ခင်းမှာ သေနတ်သမားတယောက်က မြူနီစပယ်ရုံးကို တိုက်ခိုက်မှုကြောင့် လူ ၂ ယောက်သေဆုံးခဲ့ပါတယ်။ တယောက်က ဓားစာခံဖြစ်ပြီး နောက်တယောက်ကတော့ တိုက်ခိုက်သူပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူ ၆ ယောက်ထဲက အရပ်သား ၃ ယောက်ဟာ ဆေးရုံတက်နေပြီး အမျိုးသမီးတယောက် ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ ကျန်ဒဏ်ရာရသူ ၃ ယောက်ဖြစ်တဲ့ ရဲအရာရှိတွေကတော့ အသက်အန္တရာယ် လွတ်ကင်းပြီး အသေးစားဒဏ်ရာလောက်သာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲအရာရှိတွေဟာ ဘာကိုမျှ စောင့်မနေဘဲ ကျူးလွန်သူကို ဖယ်ရှားဖို့ အဆောက်အအုံထဲကို ဝင်ရောက်ကာ ပြန်လည်ပစ်ခတ်ခဲ့ကြကြောင်းနဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ တိုက်ခိုက်သူဟာ သူ့ရဲ့ ကိုယ်ပိုင် တရားမဝင်ကိုင်ဆောင်ထားတဲ့ သေနတ်တလက်ကို ကိုယ်တိုင် ခလုတ်ဆွဲရင်း အသက်ဆုံးရှုံးခဲ့တာလို့ ချက်ရဲတပ်ဖွဲ့ဥက္ကဋ္ဌ မာတင် ဗွန်ဒရာဆက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေအား ကူညီပေးဖို့ စိတ်ပညာရှင်တွေကို အခင်းဖြစ်ပွားရာနေရာ စေလွှတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Source:Reuters
🔗 ဖတ်ရန်: https://burmese.dvb.no/archives/742577
📌 DVB
📅 January 20, 2026 at 09:44 AM
တောင်အာဖရိကနိုင်ငံ၊ ဗန်ဒဲရ်ဘိုင်ယာ့လ်မြို့မှာ ဇန်နဝါရီ ၁၉ ရက်က ကျောင်းသားတွေ လိုက်ပါလာတဲ့ မီနီဘတ်စ် တစီးနဲ့ လော်ရီထရပ်ကားတစီး တိုက်မိပြီးတော့ ကျောင်းသားငယ် ၁၃ ယောက် သေဆုံးခဲ့ရတဲ့အတွက် တောင်အာဖရိကနိုင်ငံက ဝမ်းနည်းရပါကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ထုတ်ပြန်ပါတယ်။
ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ တောင်ဘက်ရှိ ဗန်ဒဲရ်ဘိုင်ယာ့လ် စက်မှုမြို့အနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့အပြီးမှာ ဒဏ်ရာရရှိခဲ့တဲ့ တခြားကလေး ၃ ယောက်ဟာ ဆေးရုံမှာ ကုသမှု ခံယူနေရကြောင်း အရာရှိတွေက အစောပိုင်းကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ စီရဲလ်ရာမာဖိုဆာက သေဆုံးသူတွေရဲ့ မိသားစုတွေ၊ ဆရာတွေနဲ့ မိတ်ဆွေတွေကို ဝမ်းနည်းကြောင်းနဲ့ ကျောင်းသားတွေကို ကာကွယ်ဖို့ “ကျွန်ုပ်တို့ တတ်နိုင်သမျှ လုပ်ဆောင်ရမယ်”လို့လည်း ကြေညာချက်မှာပြောပါတယ်။
တောင်အာဖရိကနိုင်ငံဟာ ၂၀၂၅ ခုနှစ်က လမ်းပေါ်သေဆုံးမှု ၁၁,၄၁၈ ယောက် ရှိခဲ့ပြီး အရင်နှစ်ထက် ၆ ရာခိုင်နှုန်းကျဆင်းသွားပေမဲ့ တနေ့လျှင် ပျမ်းမျှ ၃၀ ကျော်နှုန်းနဲ့ သေဆုံးနေဆဲဖြစ်ပါတယ်။
မြန်နှုန်းမြင့်မောင်းနှင်မှုနဲ့ အရက်သောက်ပြီး မောင်းနှင်မှုတို့ဟာ သေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဘာဘရာခရီးစီးက ကိုးကားပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှာ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေ ရောက်ရှိနေကြပြီး ယာဉ်တိုက်မှုရဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။
Source:Reuters
🔗 ဖတ်ရန်: https://burmese.dvb.no/archives/742572
📌 DVB
📅 January 20, 2026 at 10:19 AM
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အူခီးယားမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၂၀ ရက် မနက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ်၊ ဗလီနဲ့ စာသင်ကျောင်းတွေ အပါအဝင် လူနေအိမ်နဲ့ အဆောက်အအုံ ၄၀၀ ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၂၀ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ ပါလောင်ခါလီနဲ့ ရှာဖီအူလာကာတာ ဧရိယာရှိ အမှတ် ၁၆ စခန်း Block D-4 မှာ ဂတ်စ်မီးဖိုနဲ့ ရေနွေးတည်ရာကနေ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ D-2 နဲ့ D-3 ကအိမ်တွေကို လျင်မြန်စွာ ကူးစက်သွားတာလို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၄၄၈ လုံး၊ ဗလီ ၂ ခု၊ စာသင်ကျောင်း ၁၀ ကျောင်းနဲ့ ဘာသာရေးစာသင်ကျောင်း ၁ ကျောင်းတို့ ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘူးလို့ စခန်းတာဝန်ခံတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။
ဒုက္ခသည်စခန်း မီးလောင်မှုကို အူခီးယာ မီးသတ်တပ်ဖွဲ့၊ အရပ်ဘက်ကာကွယ်ရေးတပ်တွေနဲ့ ဒုက္ခသည်တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၅ နာရီခွဲခန့်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသအာဏာပိုင်တွေက ပြောကြားထားကြပါတယ်။
လက်ရှိမှာ မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ အရေးပေါ် လူမှုအကူအညီတွေ လိုအပ်နေကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာလည်း အူခီယားရှိ ဒုက္ခသည်စခန်းတွေမှာ မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄၀ ကျော်နဲ့ ဆေးခန်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
Ref: Dhaka Tribune
🔗 ဖတ်ရန်: https://burmese.dvb.no/archives/742580
📌 DVB
📅 January 20, 2026 at 10:26 AM
ဧရာဝတီတိုင်းမှာ သဘာဝဘေးကြောင့်အပြင် သွင်းအားစုဈေးနှုန်း ကြီးမြင့်မှုကြောင့် ကွမ်းရွက်တပိဿာ ကျပ် ၄၅,၀၀၀ အထိ ဈေးတက်နေတယ်လို့ ဒေသခံတွေနဲ့ ကွမ်းရွက် ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၂၅ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာအထိ ကာလရှည် ရေကြီးရေလျှံမှုကြောင့် ကွမ်းခြံတွေ ရေနစ်မြုပ်ပျက်စီးခဲ့ပြီး ရန်ကုန်နဲ့ တွံတေးဘက်က ဝယ်ယူနေရာတာကြောင့် အခုလို ဈေးနှုန်းမြင့်တက်နေတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်း ကွမ်းနှင့်ကွမ်းသီး ရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က “ကွမ်းရွက်ဈေးက မြောက်နေတယ်။ ဒေသထွက် ကွမ်းရွက်က မရှိဘူး။ ရန်ကုန်၊ တွံတေးဘက်က ကွမ်းနုဝါတွေ ရောင်းနေရတာ။ ဒေသထွက်ကွမ်းရှိရင် ဈေး အခုလောက်မမြောက်ပါဘူး။ အခုလိုလောက်အထိကို ဈေးထိုးတက်နေတာက ဒေသထွက် ကွမ်းခြံတွေ ပျက်စီးခဲ့လို့လည်း ဈေးမြောက်နေတာ” လို့ ပြောပါတယ်။
ကျိုက်လတ် ကွမ်းစိုက်ပျိုးရေး လုပ်ငန်းရှင်တယောက်က “ကွမ်းတဧက ၅ ခြံက စိုက်လိုက် ရေမြုပ်လိုက်နဲ့ ၄ ကြိမ်အထိ ရေမြုပ်ဆုံးရှုံးခဲ့တယ်။ အခုအထိ ပြန်မစိုက်နိုင်သေးဘူး။ နာလန်မထူတဲ့အထိကို ဖြစ်သွားတာ။ ကွမ်းက ရေများရင် အဆင်မပြေဘူး။ ကွမ်းစိုက်တဲ့လုပ်ငန်းက အရင်းအနှီး အရမ်းများတယ်။ လူကလည်း ဂရုစိုက်ရတယ်။ ပုံမှန်မဟုတ်တဲ့ သဘာဝဘေးဒဏ်ကို မခံနိုင်ဘူး။ ပြီးခဲ့တဲ့နှစ် ရေကြီးချက်က တခါမှ မမြုပ်တဲ့နေရာတွေပါ ရေတက်မြုပ်ကုန်တာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံမှုကြောင့် ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ပန်းတနော်၊ ဟင်္သာတ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဟိုင်းကြီးကျွန်း၊ သာပေါင်း၊ ကန်ကြီးထောင့်၊ မြန်အောင် စတဲ့ ကွမ်းအဓိက စိုက်ပျိုးတဲ့ ဒေသတွေက ကွမ်းခြံတွေ ပျက်စီးခဲ့တာလို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၂၀ ပြည့်နှစ်လောက်က ကွမ်းရွက် ၁ ပိဿာဈေးဟာ ကျပ် ၁,၈၀၀ ကနေ ၂,၅၀၀ သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝဘေးကြောင့်အပြင် ကွမ်းစိုက်ပျိုးရာမှာအသုံးပြုတဲ့ ပိုးသတ်ဆေးတွေနဲ့ အထွေထွေသွင်းအားစုတွေ ဈေးတက်လာလို့ ကွမ်းဈေးပါ တရိပ်ရိပ် လိုက်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
🔗 ဖတ်ရန်: https://burmese.dvb.no/archives/742583
📌 DVB
📅 January 20, 2026 at 08:52 AM
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ဗဟိုခရိုင်တရားရုံးဟာ ဇန်နဝါရီ ၂၁ ရက်မှာ ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးအပေါ် စွဲချက်တင်ဖို့ စီစဉ်ထားပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟန်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို ကာလတို စစ်အုပ်ချုပ်ရေး ကြေညာရာမှာ ကူညီခဲ့မှုနဲ့ ပုန်ကန်မှုကိုကူညီခဲ့မှု စွဲချက်တွေနဲ့ တရားစွဲဆိုခံထားရတာပါ။
နိုဝင်ဘာလတုန်းက နိုင်ငံရဲ့ အထူးရှေ့နေအဖွဲ့က ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးကို အဲဒီစွဲဆိုချက်တွေအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဟန်ဒုတ်ခ်ဆူးဟာ တရားမဝင်အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ “အုံကြွမှုရဲ့ ခေါင်းဆောင်”လို့ သတ်မှတ်ခံထားရတဲ့ သမ္မတဟောင်းယွန်းရဲ့ လုပ်ရပ်တွေကို ကူညီပံ့ပိုးခဲ့ခြင်းနဲ့ အားပေးအားမြှောက်ပြုခြင်းတွေနဲ့ စွပ်စွဲခံထားရတာပါ။
စွဲချက်အရ ဟန်ဒုတ်ခ်ဆူးဟာ နိုင်ငံတော်ရေးရာတွေမှာ ဒုတိယအကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်အနေနဲ့ သမ္မတရဲ့ အာဏာအလွဲသုံးစားပြုမှုကို စစ်ဆေးရမဲ့ တာဝန်ရှိပါတယ်။
ဟန်ဒုတ်ခ်ဆူးဟာ သူရင်ဆိုင်နေရတဲ့ အဓိကစွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သမ္မတဟောင်းယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာတာကို မတားဆီးနိုင်ခဲ့တဲ့အတွက် နောင်တရပေမဲ့ ဒါကို ဘယ်တုန်းကမှ သဘောမတူခဲ့သလို ကူညီဖို့လည်း မကြိုးစားခဲ့ဘူး လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟန်ဒုတ်ခ်ဆူးဟာ စစ်အုပ်ချုပ်ရေးနဲ့ ဆက်စပ်တဲ့ ရာဇ၀တ်မှုစွဲချက်တွေအတွက် အောက်တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခံရတဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင်ဟောင်း ဖြစ်လာဖွယ်ရှိပြီး သူ့ရဲ့အမှုဟာ ယွန်းရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ရုံးတင်စစ်ဆေးမှုတွေနဲ့ နောက်ဆက်တွဲထွက်ပေါ်လာမဲ့ တခြားစီရင်ချက်တွေအပေါ် သက်ရောက်မှု ရှိသွားနိုင်တာ ဖြစ်ပါတယ်။
Source:Reuters
🔗 ဖတ်ရန်: https://burmese.dvb.no/archives/742560
📌 DVB
Reviews channel
Catalog of Telegram Channels for Native Placements
Advertising on the Telegram channel «မြဝတီသတင်း» is a Telegram channel in the category «Новости и СМИ», offering effective formats for placing advertising posts on TG. The channel has 15.3K subscribers and provides quality content. The advertising posts on the channel help brands attract audience attention and increase reach. The channel's rating is 27.7, with 0 reviews and an average score of 0.0.
You can launch an advertising campaign through the Telega.in service, choosing a convenient format for placement. The Platform provides transparent cooperation conditions and offers detailed analytics. The placement cost is 3.6 ₽, and with 2 completed requests, the channel has established itself as a reliable partner for advertising on Telegram. Place integrations today and attract new clients!
You will be able to add channels from the catalog to the cart again.
Комментарий