
- Main
- Catalog
- News and Media
- မြဝတီသတင်း
Channel statistics
📅 May 10, 2026 at 05:04 AM
📌 Myanmar Now
🔗 ဖတ်ရန်: https://myanmar-now.org/mm/news/74517/
📌 Myanmar Now
📅 May 9, 2026 at 04:13 AM
ရန်ကုန်၊ မေ ၉
မြန်မာ့အရေးမှာ အာဆီယံအတွက် ဖြေရှင်းနည်း မရှိသေးသည့် ခက်ခဲ ရှုပ်ထွေးသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဝန်ခံပြောဆိုလိုက်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် လက်ရှိအချိန်အထိ သိသာထင်ရှားသော ဖြေရှင်းနည်းများ မရှိသေးသည့် ခက်ခဲရှုပ်ထွေးသော ပြဿနာ (Thorny problem) တစ်ရပ်ဖြစ်နေကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဝန်ခံလာခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သမ္မတ မားကို့စ်က မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံခေါင်းဆောင်များ၏ သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ဖော်ပြောဆိုစဉ် ထိုသို့ ဝန်ခံလာခြင်းဖြစ်သည်။
ဖိလစ်ပိုင် သမ္မတ မားကို့စ်က မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး လုပ်ငန်းစဉ်များသည် မျှော်လင့်ထားသ လောက် ရှေ့မတိုးဘဲ တိုးတက်မှု အလွန်နှေးကွေးနေခြင်းအပေါ် အဖွဲ့ဝင်နိုင်ငံများက စိတ်ပျက်မိကြောင်း ပြောကြားသည်။
လုပ်ငန်းစဉ်က ရှေ့မတိုးတာ၊ ဒါမှမဟုတ် တိုးတက်မှုရှိရင်တောင် အလွန်နည်းပါးနေတာဟာ အဖွဲ့ဝင်နိုင်ငံတွေအတွက် အမှန်တကယ် စိတ်ပျက်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ မျှော်လင့်ထားသလောက် တိုးတက်မှု မရှိခဲ့တာကတော့ အသေအချာပါပဲ ဟု ၎င်းက ဆိုသည်။
အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ချမှတ်ထားသော်လည်း မြန်မာနိုင်ငံအတွင်း လက်တွေ့တိုးတက်မှု တစ်စုံတစ်ရာ မတွေ့ရသေးကြောင်းလည်း ၎င်းက ထောက်ပြသည်။
သမ္မတ မားကို့စ်က မြန်မာနိုင်ငံအား အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများမှ ဆက်လက်ဖယ်ကျဉ်ထားရခြင်းကို ဝမ်းနည်းစရာ (Tragedy) တစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။
မြန်မာနိုင်ငံဟာ အာဆီယံအတွက် မိတ်ဆွေတစ်ဦးသက်သက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အကြောင်းပြချက် တစ်ခုခုကြောင့် မိသားစုဝင်တစ်ဦးကို မိသားစုကနေ ဖယ်ကျဉ်ထားရတာဟာ ဝမ်းနည်းစရာ ကမ္ဘာတစ်ခုပါပဲ ဟု ၎င်းက ပြောသည်။
မြန်မာ့အရေးသည် ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်နေသော်လည်း အာဆီယံအနေဖြင့် လက်လျှော့မည်မဟုတ်ဘဲ အခြေအနေများ ပုံမှန်ပြန်ဖြစ်လာစေရန် တစ်စုံတစ်ရာ ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံများအကြား တိတ်တဆိတ် သဘောတူညီချက် (Tacit agreement) ရှိထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
သမ္မတ မားကို့စ်က အာဆီယံခေါင်းဆောင်များအနေဖြင့် ရပ်တန့်နေသည့် လုပ်ငန်းစဉ်များကို ပြောင်းလဲနိုင်မည့် နည်းလမ်းသစ်များနှင့် စိတ်ကူးအကြံဉာဏ်သစ်များကို ဆက်လက်ရှာဖွေသွားကြမည်ဖြစ်ကြောင်း အလေးပေး ပြောကြားသည်။ တစ်ချိန်တည်းမှာပင် လူ့အခွင့်အရေး လေးစားမှုနှင့် တရားဥပဒေစိုးမိုးရေး ကဲ့သို့သော အာဆီယံ၏ အခြေခံမူများကိုလည်း စွန့်လွှတ်မည်မဟုတ်ကြောင်း ၎င်းက အတည်ပြုခဲ့ပါသည်။
ယခုနှစ် ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။
The post မြန်မာ့အရေးမှာ အာဆီယံအတွက် ဖြေရှင်းနည်း မရှိသေးသည့် ခက်ခဲသော ပြဿနာတစ်ရပ်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဝန်ခံ appeared first on Khit Thit Media.
🔗 ဖတ်ရန်: https://yktnews.com/2026/05/249336/
📌 Khit Thit Media
📅 May 9, 2026 at 04:14 AM
ရန်ကုန်၊ မေ ၉
မြန်မာနိုင်ငံတွင် စစ်တပ်၏ ညှာတာမှုကင်းမဲ့သော စစ်မက်များ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် ပြည်သူများ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် တင်ပြပြောဆိုလိုက်သည်။
မေလ ၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်း ပြန်လည်သုံးသပ်မှုဖိုရမ် (International Migration Review Forum) တွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သံအမတ်ကြီးက မြန်မာနိုင်ငံတွင် ယခင်က ရွှေ့ပြောင်းနေထိုင်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် အင်အားတစ်ရပ် ဖြစ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် မတရားစစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အခြေအနေမှာ ဆိုးဆိုးရွားရွား ပြောင်းလဲသွားခဲ့ကြောင်း ထောက်ပြသည်။ ယခုအခါ မြန်မာပြည်သူများအတွက် ရွှေ့ပြောင်းနေထိုင်မှုသည် စီးပွားရေးအခွင့်အလမ်းထက် ရှင်သန်ရပ်တည်ရေး တိုက်ပွဲတစ်ခု (a fight for survival) ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုများ၏ အဓိကဇစ်မြစ်မှာ စစ်တပ်ပင်ဖြစ်ကြောင်း၊ စစ်တပ်၏ ညှာတာမှုကင်းမဲ့သော စစ်မက်များ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အဓမ္မတပ်သားစုဆောင်းမှုများကြောင့် ပြည်သူများ ထွက်ပြေးနေရကြောင်း သူက ရှင်းပြသည်။
ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူ ၃ ဒသမ ၆ သန်းကျော် ရှိနေပြီး ၁ ဒသမ ၃ သန်းကျော်မှာ နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
စစ်တပ်၏ ရက်စက်မှုများကို ရှောင်တိမ်းရန် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ်များစွာ မွေးရပ်မြေကို စွန့်ခွာနေရသည်။ ၎င်းတို့ထဲတွင် သံအမတ်ကြီးကိုယ်တိုင်၏ အသက် ၈၀ ကျော်အရွယ် မိဘများ၊ မောင်နှမသားချင်းများနှင့် မိသားစုဝင်များလည်း ပါဝင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်သည် ဖိနှိပ်မှုများကြောင့် ထွက်ပြေးသည့် ရိုဟင်ဂျာဒုက္ခသည်များ ပင်လယ်ပြင်၌ အသက်ဆုံးရှုံးမှု မှတ်တမ်းတင် မြင့်တက်ခဲ့သည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်ဟု သံအမတ်ကြီးက ဆိုသည်။
မြန်မာနိုင်ငံသည် စစ်တပ်၏ လုပ်ရပ်များကြောင့် လူကုန်ကူးမှုများ၏ ဦးတည်ရာဖြစ်လာသလို၊ အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာဒေသ ဖြစ်လာကြောင်း သံအမတ်ကြီးက သတိပေးသည်။
ကမ္ဘာတစ်လွှားရှိ လူငယ်များမှာ အဆိုပါ အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်ဖြစ်နေရပြီး အချို့မှာ အသက်ပင် ဆုံးရှုံးနေရသဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဤပြဿနာကို ဟန်ချက်ညီညီ ဖြေရှင်းပေးရန် ၎င်းက တိုက်တွန်းသည်။
နေရပ်စွန့်ခွာသွားသူများအနေဖြင့် မိခင်နိုင်ငံသို့ ဘေးကင်းလုံခြုံစွာနှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်လိုကြကြောင်း၊ ယင်းသို့ပြန်နိုင်ရန်မှာ ပြဿနာ၏ ဇစ်မြစ်ဖြစ်သည့် စစ်အာဏာရှင်စနစ်နှင့် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့အား အပြီးသတ်ချုပ်ငြိမ်းရန် လိုအပ်ကြောင်း ၎င်းက အလေးပေး ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်မှသာလျှင် မြန်မာပြည်သူများ ဘေးကင်းစွာ နေရပ်ပြန်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပါဝင်အားဖြည့်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ဖွဲ့စည်းကာ အဆိုပါပန်းတိုင်အတွက် ကြိုးပမ်းနေသဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုသည်။
The post မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် တင်ပြ appeared first on Khit Thit Media.
🔗 ဖတ်ရန်: https://yktnews.com/2026/05/249339/
📌 Khit Thit Media
📅 May 9, 2026 at 04:11 AM
ရန်ကုန်၊ မေ ၉
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိကြောင်းရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းထုတ်ပြန်ထားသည်။
မေလ ၄ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာ၊ ကပစ ၁၆ အနီး ပွိင့် ၅၀၀ ဗျူဟာကုန်း၏ ခံစစ်စခန်းများနှင့် ကာကင်းစခန်းများထဲမှ ကာကင်းစခန်း ၄ ခုကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ကာကင်းစခန်းများကို တိုက်ခိုက်မှုအတွင်း စစ်သားအလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရရှိကြောင်း၊ ကာကင်းစခန်းများတွင် စကခ ၁၀ လက် အောက်ခံ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ် ရင်းများမှ ခုခံတိုက်ခိုက်လျက်ရှိသည်ကို သိမ်းဆည်းရရှိသည့် စစ်သားအလောင်းများထံမှ သိရှိရသည်။
ယမန်နေ့ မေလ ၈ ရက်နေ့တွင် ကစဉ့်ကလျား ထွက်ပြေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိပြီး တစ်ချိန်တည်းမှာပင် စစ်တပ်၏ ခံစစ်စခန်းနှင့် ကာကင်းစခန်းများကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ကပစ ၁၆ ကို အဓိက အင်အားဖြည့်တင်းနေတာက စစ်မှုထမ်းတပ်သားတွေပါ။ အပတ်စဉ် ၂၀ နဲ့ အပတ်စဉ် ၂၁ စစ်မှုထမ်း သင်တန်းဆင်း ၅၀၀ ကနေ ၆၀၀ လောက် ကပစ ၁၆ နဲ့ ကင်းစခန်းတွေကို ပို့ထားတာ ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ကလေးမြို့မှ ဖလမ်းမြို့သို့ တက်လာသည့် စစ်ကောင်စီ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် ရည်ရွယ်သည့် ယာဉ်တန်းကြီးတစ်ခုကို တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင် လမ်းပိုင်းရှိ ကော်ဖီခြံနှင့် ယန်ဇီရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများ သေဆုံးပြီး မော်တော်ယာဉ်တစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်း CDF-CDM Siyin စစ်ဦးစီးချုပ် ထောင်းပူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၆ ရက်နေ့ စစ်တပ်က ဖလမ်းမြို့ရှိ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရန်အတွက် Non-CDM ဝန်ထမ်းများ၊ စက်ယန္တရားဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့် ယာဉ်တန်းကြီးတစ်ခုဖြင့် တက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်တန်းတွင် ရှေ့ဆုံးမှ ပွိုင့်ကား (Double Cab) နှစ်စီးဖြင့် စစ်ကောင်စီတပ်သား ၂၀ ခန့်က ဦးဆောင်လာပြီး ၎င်းတို့နောက်တွင် ဆိုင်ကယ်အစီး ၁၀၀ ခန့်၊ ၁၀ ဘီးကား၊ ၆ ဘီးကားနှင့် အိမ်စီးကား အများအပြား လိုက်ပါလာခဲ့သည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် စစ်ရေးအရ ကြိုတင်သတင်းရရှိထားသဖြင့် ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြပြီး တိုက်ခိုက်မှုအတွင်း လက်နက်မပါသည့် Non-CDM ဝန်ထမ်းများကို ထိခိုက်မှုမရှိစေရန်အတွက် ရှေ့ဆုံးမှတက်လာသည့် ဝန်ထမ်းယာဉ်တန်းများကို ကျော်လွန်ခွင့်ပေးခဲ့ပြီး နောက်ဆုံးမှ လိုက်ပါလာသည့် လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသော ကားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးမှ တက်လာသည့် ၁၂ ဘီးကားတစ်စီးနှင့် Fordland ကားအပါအဝင် ယာဉ် ၄ စီးကို စတင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း Fordland ကားတစ်စီးကို သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိသည့် ကားလေးတစ်စီးမှာမူ ယာဉ်မောင်းဖြစ်သူ မသေဆုံးဘဲ ထွက်ပြေးမောင်းနှင်သွားနိုင်သဖြင့် လွတ်မြောက်သွားခဲ့သည်။
သိမ်းဆည်းရမိသည့် ကားပေါ်တွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးတို့ သေဆုံးနေသည်ကို တွေ့ရှိရသည်။ ထူးခြားချက်အနေဖြင့် အဆိုပါယာဉ်တန်း၏ အနောက်ပိုင်းတွင် စစ်တပ်လော်ဘီ (People Media) မှ ကျော်စိုးဦး လည်း လိုက်ပါလာခဲ့သည်။ ၎င်းသည် တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ကလေးမြို့ဘက်သို့ နေ့ချင်းပြန် ချက်ချင်းလှည့်ပြေးသွားခဲ့ကြောင်း CDF-CDM Siyin စစ်ဦးစီးချုပ် ထောင်းပူက ရှင်းပြသည်။
ကျနော်တို့ ပစ်လိုက်တဲ့ ကားပေါ်မှာ ဗိုလ်ကြီးတစ်ဦးပါတယ်၊ ပြီးတော့ ဗိုလ်တစ်ဦးပါတယ်။ သေဆုံးတဲ့ ဗိုလ်က ဗိုလ်ဇင်မျိုးမြတ်၊ သေဆုံးသွားတဲ့ ဗိုလ်ကြီးကတော့ နာမည်မသိရသေးဘူး။ ပြီးတော့ ကျော်စိုးဦးတပ်လော်ဘီ People Media က ကျော်စိုးဦးလည်းပါလာတယ်။ သူစီးတဲ့ကားဖြစ်မလား။ အဲနောက်မှာ ၁၂ ဘီးရဲ့နောက်မှာလိုက်လာတဲ့ ကားထဲမှာ သူထိုင်လာတော့ ၊အတိ အကျတော့ မပြော နိုင်ဘူး။ ကျနော်တို့ပစ်တာက နှစ်စီးပေါ့၊ အဲဒီနောက်မှာက နှစ်စီးကျန်သေးတယ်။ သူလည်းတော်တော်လန့်မှာပဲ။ သတင်းကြားတာတော့ သူက ချက် ချင်းနေ့ချင်းပြန်နဲ့ ကလေးဘက်ကို ပြန်လှည့်တယ်လို့တော့ သတင်းပြန်ကြားရတယ်။ အဲဒီကျော်စိုးဦး ဟု CDF-CDM Siyin စစ်ဦးစီးချုပ် ထောင်းပူကရှင်းပြသည်။
The post ပန်းတောင်း ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိ၊ စစ်လော်ဘီကျော်စိုးဦး လိုက်ပါသော စစ်ယာဉ်တန်းကို တီးတိန်တွင် တိုက်ခိုက်မှု ဗိုလ် ၂ ဦး အပါ အဝင် ၅ ဦးသေဆုံးပြီး ကျော်စိုးဦး ထွက်ပြေးလွတ်မြောက် appeared first on Khit Thit Media.
🔗 ဖတ်ရန်: https://yktnews.com/2026/05/249330/
📌 Khit Thit Media
📅 May 9, 2026 at 04:16 AM
ရန်ကုန်၊ မေ ၉
ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း၊ ဧရာဝတီတိုင်း၊ဝါးခယ်မမြိုနယ်၊လက်ခုပ်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ တာဝန်ထမ်းဆောင်ပြီး၍ ပြန်လာသော လူငယ်ကျော်ကျော်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးမြကျော်ထွေးနှင့် ကျေးရွာသူ ကျေးရွာသားများက ဂုဏ်ပြုကြိုဆိုသည်ဟုဆိုကာ စစ်တပ်တယ်လီဂရမ်ချန်နယ်များတွင် လိမ်လည် ဝါဒဖြန့်မှုများ လုပ်ဆောင်လာကြောင်း၊ အဆိုပါ လူငယ် ကျော်ကျော်ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၁ မှ မဟုတ်သကဲ့သို့ စစ်မှုထမ်းခြင်းလည်းမရှိခဲ့ကြောင်း သိရှိရသည်။
လက်ခုပ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ပြန်လာတဲ့သူကို ကြိုဆိုပွဲဆိုပြီး လုပ်သွားတယ်။ တကယ်က စစ်မှုထမ်းအပတ်စဉ် ၁ က လူလည်းမဟုတ်ဘူး။ ပြန်လာတာလည်းမဟုတ်ဘူး။ အဲဒီကြိုဆိုပွဲက လိမ်ဆင်ကြီးဖြစ်နေတာ။ အဲဒီ လူငယ်က စစ်မှုထမ်းတယ်လို့ လည်းမကြားဖူးဘူး။ ရွာကတော့ ပျောက်သွားတယ်။ ပြီးမှ စစ်မှုထမ်းက ပြန်လာတယ်ဆိုပြီး ကြိုဆိုပွဲ လုပ်တာ။ စစ်မှုထမ်းရာက ပြန်လာတာတော့မဟုတ်ဘူး ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းမှ ပြန်လာသော လူငယ်များကို ကြိုဆိုပွဲများဖြင့် ပြည်သူများက ကြိုဆိုနေသည်ဆိုသော ဝါဒဖြန့် လုပ်ကြံမှုများကို လုပ်ဆောင်နေပြီး စစ်တပ် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဝါဒဖြန့်ကာ စစ်မှုထမ်း လူငယ်များ ရရှိရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။
ယင်းအပြင် စစ်မှုထမ်းပြန်လာသည့် လူငယ်များကို အလုပ်အကိုင်များ ဖန်တီးပေးနေသည်ဟုဆိုကာ စစ်တပ်က ဝါဒဖြန့် သတင်းစာများမှ တစ်ဆင့် လည်း ကြေညာမှုများ လုပ်ဆောင်နေသည်။
မေလ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ စစ်အုပ်စု၏ အလုပ်သမားဒုဝန်ကြီး မောင်မောင်သန်းက စစ်မှုထမ်းကာလ ပြီးဆုံးသူများကို အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးမည်ဟု ဝါဒဖြန့်ပြောဆိုခဲ့သည်။
စစ်မှုထမ်းပြီးဆုံးခဲ့သော လူငယ်များကို အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ချိတ်ဆက်ပေးခြင်း၊ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများတွင် အလုပ်ရရန် လုပ်ငန်းရှင်များ၊ စက်မှုဇုန်ကော်မတီများနှင့် ညှိနှိုင်းပေးခြင်းများ လုပ်ဆောင်ပေးမည်ဟု ဒုဝန်ကြီး မောင်မောင်သန်းကဆိုသည်။
ယင်းမြှူဆွယ်မှုများသည် စစ်ရှုံးနေသည့် စစ်တပ်က ၎င်းတို့၏ စစ်သားစုဆောင်းရေးယန္တရား ဆက်လက်လည်ပတ်နိုင်ရန် လူငယ်များကို မက်လုံးပေးခြင်းသာ ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ရှုမြင်ကြသည်။
စစ်တပ်က ယင်းကဲ့သို့ ဝါဒဖြန့်မှုများအကြီးအကျယ် လုပ်ဆောင်လာခြင်းမှာ လက်ရှိစစ်မှုထမ်းနေရသူများ၏ မကျေနပ်မှုကို ထိန်းသိမ်းရန်နှင့် နောင်လာမည့် အပတ်စဉ်များအတွက် လူသစ်ရရှိရန် ရည်ရွယ်သည့် လိမ်လည်နေခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က လူငယ်များကို နိုင်ငံတစ်ဝန်းတွင် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို လုပ်ဆောင်ပြီး လစဉ် စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်နေရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ရှိလာပြီဖြစ်သည်။
The post စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်၊ စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ appeared first on Khit Thit Media.
🔗 ဖတ်ရန်: https://yktnews.com/2026/05/249344/
📌 Khit Thit Media
📅 May 9, 2026 at 06:19 AM
ရန်ကုန်၊ မေ ၉
KNU အုပ်ချုပ်မှုနယ်မြေဖြစ်သော ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေ ကြောင်း၊ ဒရုန်းနှင့် လက်နက် ကြီး များဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၂၇ လုံးကျော်နှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန် သည်။
ဧပြီလအတွင်း အကြမ်းဖက်စစ်တပ်သည် ဘီးလင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေ ကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ Y-12 လေယာဉ်များ၊ ဂျက်ဖိုက်တာများနှင့် စက်တပ်လေထီးများ အသုံးပြုကာ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာနှင့် မြစ်ကျိုးကျေးရွာအုပ်စုရှိ ကျောက်ဖျာရွာတို့ကို အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၉ ရက်နေ့ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာနှင့် မြစ်ကျိုးကျေးရွာအုပ်စုရှိ ကျောက်ဖျာရွာတို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း နေအိမ် ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီး ကျောင်းမုခ်ဝ၊ ဓမ္မာရုံ ၁ လုံး၊ စက်သုံးဆီဆိုင်နှင့် သင်္ချိုင်းကုန်းဇရပ် ၁ လုံး ပျက်စီးခဲ့ပြီး နွား ၅ ကောင် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်မှုများအတွင်း ကျောက်ဖျာရွာရှိ နေအိမ် ၁၁ လုံးနှင့် ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာတို့ရှိ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၃ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဝင်းတာပန်ရွာရှိ နေအိမ် ၉ လုံး ထပ်မံထိခိုက်ပျက်စီးခဲ့ပြီး ဧပြီ ၂၅ ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ်အတွင်းရှိ ပြည်သူ့လုပ်ငန်းခွင်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုအပြင် ၎င်းတို့စစ်တပ်၏ စစ်ကူများ ဝင်းတာပန်ရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စက်တပ်လေထီးများနှင့် လေယာဉ်များဖြင့် ဆက်လက်တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး စာရင်းအတိ အကျကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၇ ရက်နေ့တွင် ဘားအံမြို့နယ်၊ ထီးကျော်ခီးရွာအနီးသို့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် ဒေသခံအမျိုးသမီး ဖီးသိန်းမေ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၁၆ ရက်နေ့က ဗုံးကျဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ၁၂၀ မမ ကျည် ၂ လုံးကိုလည်း ဧပြီလ ၂၁ ရက်နေ့တွင် ဘန့်ဘွေးကုန်းရွာအနီးရှိ ခြံနှင့် လယ်မြေများတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလ ရက်နေ့ တစ်ရက်တည်း စစ်တပ်က ရခိုင်ပြည်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် အကျဉ်းထောင်တို့ ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ၂ ကြိမ်တိုင် ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။
မေလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ရခိုင်ပြည်၊ မင်းပြားမြိုနယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဘက်ရှိ ကင်းမွန်ချောင်းဂျိုင်နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိကျေးရွာများကို စစ်တပ်က တိုက်လေယာဉ်များဖြင့် မိနစ် ၄၀ ခန့်ကြာသည်အထိ တရစပ် မရပ်မနားဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုအတူ မေလ ၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်တပ်က ကျောက်တော် မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်သို့လည်း ဂျက်ဖိုက်တာ ၄ စီးဖြင့် ည ၁၀ နာရီခန့်မှ ည ၁၀ နာရီ ၂၅ မိနစ်အထိ ပေါင် ၅၀၀ ဗုံး ၈ လုံးဖြင့် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ယင်းနေ့ ည ၁၀ နာရီ ၂၈ မိနစ်အချိန်တွင်လည်း Y-12 ထောက်ပို့လေယာဉ် ၂ စီးမှ Cluster Boombအမျိုးအစား ၂၄ လုံးခန့်လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၁ ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး၊ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ပြင်းထန်နှင့်အလတ်စားဒဏ်ရာရသူ ၁၀ ဦးခန့်လည်းရှိခဲ့ကြောင်း၊ ယင်းအပြင် နွား ၇ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
The post ဘီးလင်း၊ ဘားအံနှင့် ကျောက်တော်မြို့တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြငးကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၄ ဦးသေဆုံး၊ စာသင်ကျောင်း၊ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများပျက်စီး appeared first on Khit Thit Media.
🔗 ဖတ်ရန်: https://yktnews.com/2026/05/249352/
📌 Khit Thit Media
📅 May 9, 2026 at 10:29 AM
အွန်လိုင်းမှတစ်ဆင့်သာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံမည်
ရန်ကုန်၊ မေ ၉
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို လူကိုယ်တိုင် တက်ရောက်ခွင့်ပြုရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်မှာ စင်ကာပူနိုင်ငံ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ကျရှုံးသွားကြောင်း Mainichi Japan သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။
မေလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကိုယ်စားလှယ်ကို လူကိုယ်တိုင် လာရောက်တက်ရောက်ခွင့်ပြုရန် တင်ပြခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ယင်းအဆိုပြုချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏ ကြိုး ပမ်းမှုမှာ လက်တွေ့ဖြစ်မလာဘဲ ပျက်စီးသွားခဲ့ရသည်။
ယင်းကဲ့သို့ ကန့်ကွက်မှုများရှိခဲ့သောကြောင့် ယခုမေလအတွင်း ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီဘက်မှ လူကိုယ်တိုင် တက်ရောက်ခွင့်မရရှိဘဲ အစီအစဉ်များ ပျက်ပြယ်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် လာမည့် ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့် ဗီဒီယိုစနစ် (Virtual) ဖြင့်သာ သီးခြားတွေ့ဆုံသွားရန် သဘောတူညီခဲ့ကြသည်။
ယင်းတွေ့ဆုံမှုမှာလည်း အာဆီယံထိပ်သီးပင်မအစည်းအဝေးကြီးသို့ တက်ခွင့်ပေးခြင်း မဟုတ်ဘဲ မြန်မာ့အရေးကိုသာ သီးသန့်ဆွေးနွေးမည့် သီးခြားအစီအစဉ် (Sideline Event) တစ်ခုအဖြစ်သာ ကျင်းပသွားမည် ဖြစ်သည်။
ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကိုယ်စားလှယ်ကို ဇူလိုင်လတွင် အွန်လိုင်းမှတစ်ဆင့် သီးသန့်ဆွေးနွေးပွဲတွင် ပါဝင်စေမည့်အချက်အပေါ် အခြားအဖွဲ့ဝင်နိုင်ငံများက ကန့်ကွက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အာဆီယံသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော် လည်း ပြီးခဲ့သည့်လတွင် ဖွဲ့စည်းလိုက်သော အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သည့် အမည်ခံ အစိုးရနှင့် ထိတွေ့ဆက်ဆံမှု ပုံစံအသစ်ကို စတင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
သို့သော်လည်း အာဆီယံအနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီကို ဆက် လက်တိုက်တွန်းထားဆဲ ဖြစ်ကြောင်း သိရှိရသည်။
The post စင်ကာပူနိုင်ငံ၏ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကြောင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင် တက်ခွင့်ပြုရေး ထိုင်းနိုင်ငံ၏ အဆိုပြုချက် ကျရှုံး ပျက်စီး appeared first on Khit Thit Media.
🔗 ဖတ်ရန်: https://yktnews.com/2026/05/249374/
📌 Khit Thit Media
📅 May 9, 2026 at 08:24 AM
ရန်ကုန်၊ မေ ၉
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြရွာနှင့် နောင်ရင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ မင်းယားစံပြရွာမှ အသက် ၇၈ နှစ်အရွယ် ဒေါ်မယ်စိန်နှင့် အသက် ၇၅ နှစ်အရွယ် ဒေါ်မြသိန်း တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီထိ အကြမ်းဖက် စစ်တပ်က ဖောင်းပြင်မြို့နယ်၊ နောင်ရင်းရွာကိုလည်း ဒရုန်းများဖြင့် ၆၀ မမ ဗုံး ၆ လုံး၊ ၁၂၀ မမ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ မင်းယားစံပြရွာက ပြည်သူ ၂ ဦးသေဆုံးပြီး နောင်ရင်းရွာက ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးခဲ့တယ် ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် အရပ်သား ပြည်သူများကို အကြောင်းမဲ့ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီး အန္တရာယ်များ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။
The post ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြရွာနှင့် နောင်ရင်းရွာကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီး appeared first on Khit Thit Media.
🔗 ဖတ်ရန်: https://yktnews.com/2026/05/249361/
📌 Khit Thit Media
Reviews channel
Catalog of Telegram Channels for Native Placements
မြဝတီသတင်း is a Telegram channel in the category «Новости и СМИ», offering effective formats for placing advertising posts on TG. The channel has 14.1K subscribers and provides quality content. The advertising posts on the channel help brands attract audience attention and increase reach. The channel's rating is 27.8, with 0 reviews and an average score of 0.0.
You can launch an advertising campaign through the Telega.in service, choosing a convenient format for placement. The Platform provides transparent cooperation conditions and offers detailed analytics. The placement cost is 6.0 ₽, and with 3 completed requests, the channel has established itself as a reliable partner for advertising on Telegram. Place integrations today and attract new clients!
You will be able to add channels from the catalog to the cart again.
Комментарий