
Advertising on the Telegram channel «𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐢𝐧𝐞𝐦𝐚»
Stay updated with the latest movie trailers! 🎬🔥 Discover upcoming blockbusters, thrilling teasers, and exclusive first looks. Don't miss a single release!
Channel statistics
ဒီဇာတ်ကားလေးမှာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ခံစားချက်တွေကို မြင်ယောင်မိသွားအောင် ရိုက်ပြထားပါတယ် အများနဲ့တန်းတူဖြစ်နေအောင် အများနဲ့အံဝင်ခွင်ကြဖြစ်အောင် ကြိုးစားရုန်းကန်နေပေမယ့် သူမရဲ့ပြောင်းလဲလာတဲ့ သဘာဝတရားကို လွန်ဆန်နိုင်ခြင်းမရှိခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးပြထားတာပါ…….. ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နောက်ဆုံးမှ ချပြခဲ့တဲ့ လျှိဝှက်ချက်လေးတစ်ခုပါပဲ…. သူမဘာကို ရင်ဆိုင်ကြုံတွေ့နေရတာလဲ လူအများထက်ပိုပြီး ဘာကြောင့် စိတ်ဖိစီးမှုများနေရတာလဲ ဆိုတာကတော့…………
🔞ကိုယ်လုံးတီးခန်း+ ပိစိလေးပါ၀င်ပါသဖြင့် မိသားစုနှင့်ကြည့်ရှုရမည့်ရေသူမကားမဟုတ်ပါ🔞
နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ နာမည်အတိုင်းပါပဲ မရိုးနိုင်တဲ့ စွန်းဝူခုန်းဇာတ်လမ်း တွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းကိုနည်းနည်းပြောင်းထားပြီး ဟာသ တွေ၊ အက်ရှင်ကောင်းကောင်းတွေကို ပုံကောင်းကောင်းနဲ့ ပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖန်တရာတေပါပဲ ကျောက်ဆောင်တစ်ခုကနေ မွေးဖွားလာတဲ့မျောက်ဟာစွမ်းအားတွေရှိနေပါတယ်။ ဒါပေမဲ့ သူ့ကို မျောက်တွေက လက်မခံသလို နတ်တွေ ကလည်းလက်မခံတာကြောင့် တစ်ယောက်တည်းဖြစ်နေပါ တယ်။ အဲဒီတော့ သူဟာ နတ်ပြည်မှာနေရာရဖို့ မသေမျိုးဖြစ် အောင်ကြိုးစားရင်းနဲ့ ငရဲမင်း၊ နဂါးမင်း၊ နတ်မင်းတွေ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရပုံကို ပြထားတာပါ။ ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ပါဦး။
တီယို ဆိုတဲ့ ဒဏ္ဍာရီလာ ကျားမျိုးနွယ်ဝင် ကျားပေါက် လေးဟာ လမ်းဘေးမှာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ်။ တီယိုလေး ကို ရိုမေးနီးယားနပန်းဖျော်ဖြေရေးမိသားစု က ရှာတွေ့ပြီး ကောက်ယူမွေးစားလိုက်တဲ့အခါမှာတီယို လေးလည်း နပန်းဖျော်ဖြေရေးအဖွဲ့ဝင်တစ် ယောက်ဖြစ်လာပါတော့တယ်။ သားပိုက်ကောင်မိသားစုက နွေးထွေးပေမဲ့ တီယိုလေး ကတော့ အမြဲတမ်း ကွဲပြားနေတဲ့လူထူးဆန်းတစ်ယောက်လို ခံစားခဲ့ရပါတယ်။ တစ်နေ့မှာတော့ မိသားစုလိုက် ပြတိုက်ကို အလည်သွား ရင်း ပြတိုက်သန့်ရှင်းရေးသမားတစ်ယောက်နဲ့ဆုံမိရင်း တီယို ရဲ့ မိသားစု အစစ်အမှန်ရှိရာ ဒဏ္ဍာရီ လာ ပျောက်ဆုံးနေသောကျွန်း အကြောင်းတစ်စွန်းတစ်စ သိလာခဲ့ရပါတယ်။ သား ကို ဆုံးရှုံးရမှာ ကြောက်တဲ့ တီယို ရဲ့ မွေးစားမိခင် က တီယို့ကို ပြတိုက်ကနေ ဆွဲခေါ်လာခဲ့ပေမဲ့ တီယို ရဲ့စိတ်မှာတော့ စူးစမ်းချင်စိတ်တွေ ပြင်းပြနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အိမ်ကနေ ခိုးထွက်ရင်း မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းခရီးထွက်လာတဲ့အခါမှာတော့ …
ဒီကားက ကျွန်တော်တို့ ကလေးဘဝကတည်းက ရင်းနှီး ခဲ့ပြီးသားကားပဲ။ တော်တော်လည်းကောင်းခဲ့တဲ့ကား ပေါ့။ ၁၉၅၉မှာ မူလတန်း ကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ အနာဂတ်မှာ ဘာဖြစ်မယ်လို့ သူတို့ထင်လဲဆိုတာတွေ ကို ပုံမှာရေးပြီး Time Capsule ထဲ ထည့်မြုပ်ဖို့လုပ် တယ်။ အဲဒီထဲက ကောင်မလေးတစ်ယောက်ကတော့ ဂဏန်းတွေရေးထည့်ခဲ့တယ်။ နှစ်ငါးဆယ်ကြာတော့ အဲဒီဟာတွေကို ပြန်ဖော်ကြတော့ ဒီဘက်ခေတ်ကလေး တွေကို အဲဒီစာရွက်တွေကို ပြန်ဝေပေးတယ်။ နစ်ကေ့ဂ် သားလေးကတော့ အဲဒီဂဏန်းတွေရေးထည့်ထားတဲ့ စာရွက်ကို ရသွားခဲ့တယ်။ ဒီလိုနဲ့ နစ်ကေ့ဂ်က အဲဒီ ဂဏန်းတွေက ပြီးခဲ့တဲ့နှစ်ငါးဆယ်အတွင်းဖြစ်ခဲ့တဲ့ ပျက်ကပ်တွေရဲ့ ရက်စွဲ၊ သေသူအရေအတွက်နဲ့ ကိုဩ ဒိနိတ်တွေမှန်း သိလာခဲ့တယ်။ အိုကလာဟိုမာစီးတီး ဗုံး ကွဲမှုတို့ 9/11 တို့ ဟာရီကိန်းတိုက်တာတို့ အကုန်ပါခဲ့ တယ်။ မဖြစ်သေးတာ သုံးခုအတွက်လည်းပါခဲ့တယ်။ ဒါကိုသိသွားတဲ့နစ်ကေ့ဂ်က ဒီပျက်ကပ်တွေကို ဘယ်လိုတားမလဲ တားနိုင်မလား။ ဘာတွေဆက်ဖြစ် ကြမလဲဆိုတာ.
နစ် နဲ့ ဂျူဒီ တို့ လူဆိုးသိုးမ ကို ဖမ်းပြီး တစ်ပတ်အကြာမှာ ကုန်ပစ္စည်းတွေကို ခိုးသွင်းနေတဲ့ အမှုကို စုံစမ်းရင်း မထင်မှတ်ဘဲ တွားသွား သတ္တဝါတစ်ကောင်ရဲ့ အရေခွံကို တွေ့လိုက်ရပါတယ် ။ သူတို့ဟာ ရဲမှုး ခွင့်မပြုပေမဲ့ ထိုအမှုကို ခိုးပြီး လိုက်ကြည့်တဲ့အခါမှာ ထို တွားသွား သတ္တဝါဟာ မြွေဖြစ်နေကာ ထိုမြွေက မြို့တော်ကြီးရဲ့ ရာသီဥတု တံတိုင်းလို့ခေါ်တဲ့ ဂျာနယ် ကို ခိုးယူဖို့ လုပ်နေတာကို သိလိုက်တဲ့အခါမှာ နစ် နဲ့ ဂျူဒီ တို့ နှစ်ယောက် ရဲမှုးရဲ့ အမိန့်ကို မနာခံလို့ ရဲလက်ထဲကနေ ပြေးကြရင်း အမှုကိုဖော်ထုတ်ကာ ပြည်သူတွေလက်ထဲကို ချပြဖို့ ကြိုးစားပါတော့တယ် ။
Predator ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံး ဖြစ်လာတဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါ။ Prey နဲ့ Killer of Killers တွေရဲ့ ဒါရိုက်တာ Dan Trachtenberg ပဲ ဖန်တီးထားပြီးမင်းသမီးအယ်လ်ဖ န်းနင်း ပါဝင်ထားပါတယ်။ Predator ကို hero အဖြစ် တင်ရိုက်ထားတဲ့ ရုပ်ရှင် လည်းဖြစ်ပါတယ်။ ထရေလာထွက်ကာစက အထင်သေးနေကြပေမဲ့ တကယ်ထွက်လာတဲ့အခါ ဇာတ်လမ်းရော အက်ရှင် ရော ကောင်းနေတာမို့ အတော်အားပေးမှုတွေ ရထားပါ တယ်။ ဇာတ်လမ်းအကျဉ်း Predator တွေ ဖြစ်တဲ့ ယောက်ဂျားမျိုးနွယ်ဝင်တွေ ဟာ သူတို့မျိုးနွယ်ထဲက အကောင်သေးတဲ့သူ ပျော့တဲ့ သူဆိုရှင်းပစ်တာ များပါတယ်။ အဲဒီလို ရှင်းပစ်ခံရမဲ့ အကောင်သေး ဒက်ခ် ဟာ သူ့အစ်ကိုရဲ့ကျေးဇူးနဲ့ ထွက်ပြေးလွတ်မြောက်လာပြီးpredator တစ်ယောက်မှမသ-တ်နိုင်သေးတဲ့ ကာလစ် ဆိုတဲ့ အကောင်ကြီးကို အမဲလိုက်ဖို့ ကြိုးစားပါတော့ တယ်။ အဲဒီမှာပဲ ကမ္ဘာပေါ်က လေ့လာရေးစက်ရုပ်လူသား သီ ရာနဲ့တွေ့ပြီး ဖုန်းဆိုးမြေဂြိုလ်ကြီးပေါ်မှာ စွန့်စားခန်း တွေအတူဖွင့်ရပါတော့တယ်။
Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ် ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ် ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ် တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ် ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ် နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွား ပါတော့တယ်။ တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေ ကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်း မျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်း ဖို့ ကြိုးစားလာတဲ့အခါ...
၂၀၂၁ က ရှယ်ကြမ်းခဲ့ပြီး B တော်တော်ဝင်ငွေကောင်းခဲ့တဲ့ တင်းခဲ့တဲ့ Nobody ကတော့ ယခု ရှယ်ကြမ်းခဲ့ပြီး Box Office မှာလည်း ( 2 ) ထပ်မံထွက်ရှိလို့ လာပါပြီ.. ပထမရုပ်ရှင်တုန်းကတော့ ဂျွန်ဝစ်ထက် ကောင်းတယ် လို့တောင် ယူဆတဲ့သူတွေရှိခဲ့ပါတယ်။ သာမန်ရိုးရိုးအေးအေး အိမ်ထောင်ရှင်တစ်ယောက်က တစ်လောကလုံးက ကြောက်ရတဲ့ အေးဂျင့်ဟောင်းကြီး ဖြစ်နေပြီး မာဖီးယားတွေကို ကျုံးတဲ့ဇာတ်လမ်းမျိုးပါ။ အခု ဒုတိယရုပ်ရှင်မှာတော့ သူ့မိသားစုက သူ့ အကြောင်းကို သိနေပါပြီ။ ဒါပေမဲ့ အလုပ်နဲ့ မိသားစု ကို သူ သပ်သပ်ခွဲပြီးနေနေတုန်းပါပဲ။ ဒီလိုနဲ့ နွေရာသီ ပိတ်ရက်မှာ မိသားစုလိုက် အေးဆေး အမှတ်တရခရီးထွက်မယ်ဆိုပြီး မြို့လေးတစ်မြို့ကို ထွက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ တစ်မြို့လုံးကို နောက်ထပ် ရာဇဝတ် ဂိုဏ်းကြီးတစ်ခုက ဦးစီးနေတာဖြစ်ပြီး ပြဿနာတွေ မဲတော်တဆကြုံရတယ်အခါ စစ်ပြန်အဖေ နဲ့ အထူးအေးဂျင့်ဟောင်း သားအဖတို့ တစ်မြို့လုံးနဲ့ တစ်ယောက် ထပ်ကျုံးရပါတော့တယ်။
Reviews channel
Catalog of Telegram Channels for Native Placements
Advertising on the Telegram channel «𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐢𝐧𝐞𝐦𝐚» is a Telegram channel in the category «Кино», offering effective formats for placing advertising posts on TG. The channel has 18.3K subscribers and provides quality content. The advertising posts on the channel help brands attract audience attention and increase reach. The channel's rating is 27.5, with 0 reviews and an average score of 0.0.
You can launch an advertising campaign through the Telega.in service, choosing a convenient format for placement. The Platform provides transparent cooperation conditions and offers detailed analytics. The placement cost is 2.4 ₽, and with 7 completed requests, the channel has established itself as a reliable partner for advertising on Telegram. Place integrations today and attract new clients!
You will be able to add channels from the catalog to the cart again.
Комментарий