🔥 Spring Deals: Final Week
Up to 70% off + 3.5% extra discount with promo code MAYFINAL!
Go to Catalog
3.2

Advertising on the Telegram channel «Ayeyarwaddy Times»
News and Media
Language:
English
0
2
Share
Add to favorite
Buy advertising in this channel
Placement Format:
keyboard_arrow_down
- 1/24
- 2/48
- 3/72
- Native
- 7 days
- Forwards
1 hour in the top / 24 hours in the feed
Quantity
%keyboard_arrow_down
- 1
- 2
- 3
- 4
- 5
- 8
- 10
- 15
Advertising publication cost
local_activity
$6.00$6.00local_mall
0.0%
Remaining at this price:0
Recent Channel Posts
With its advanced technology and customer-centric approach, Global Cloud Mining offers a sustainable way to mine cryptocurrencies in 2025. Whether users are experienced investors or beginners, the platform ensures profitability and ease of use.Become a new member and receive a $18 credit to spend on the platform. This bonus is a welcome bonus and a recognition of your earning potential.Join cloud mining, free airdrop, start your journey to crypto wealth!Limited time airdrop, free mining machine to help you mine easily, enjoy the benefits every day!High-yield contract plans to choose fromLooking for higher returns? Join a more profitable contract plan to achieve long-term performance growth. These flexible plans help you steadily increase your income while optimizing your financial planning.Officialwebsite: https://tglink.io/c59235bdf929
792
11:54
19.05.2025
ဆပ်ပြာကြောင့် စင်ကြယ်သန့်ရှင်းပြီး ပိုးမွှားတွေ ကင်းစင်တဲ့ အခြေအနေကို ရရှိပါတယ်။ အရေပြား ရောဂါ၊ ဝမ်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကူးစက်ရောဂါနဲ့ ဓာတ်မတည့်တဲ့ ရောဂါ အများစုကို ဆပ်ပြာကို စနစ်တကျ သုံးခြင်းအားဖြင့် ကာကွယ်ပေးနိုင်ပါတယ်။
နေ့စဉ်ဘဝမှာ ကျန်းမာရေးအတွက် ဆပ်ပြာဟာ မရှိမဖြစ် အသုံးဝင်ပါတယ်။ အသေးစား ကုထုံးတွေအတွက် သန့်ရှင်းရေး လုပ်တဲ့ လုပ်ငန်းစဉ်တိုင်းရဲ့ ပထမဆုံး အဆင့်မှာ ဆပ်ပြာနဲ့ စပြီး ပိုးသတ်ခြင်း ဖြစ်ပါတယ်။
ခွဲစိတ်ခန်း ဝင်တော့မယ်ဆိုရင်လည်း စနစ်တကျ ပိုးသတ်ဖို့ ဆပ်ပြာကို သေသေချာချာ အသုံးပြုရပါတယ်။ ခွဲစိတ်မယ့် နေရာကို ဆပ်ပြာနဲ့ ဆေးကြောတဲ့ အဆင့်ဟာ ခွဲစိတ်ခန်းအတွင်း ပိုးသတ်တဲ့ အဆင့်တွေထဲမှာ အမြဲတမ်း ပါဝင်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ လူနာတွေကို ကြည့်ရှု စောင့်ရှောက်တဲ့ အချိန်မှာလည်း လက်ဆေးခြင်း စတဲ့ ကျန်းမာရေးကို အလေးထားတဲ့ လုပ်ဆောင်မှုတွေအတွက် ဆပ်ပြာကို အမြဲ သုံးနေရပါတယ်။
ဝမ်းချုပ်တဲ့အခါ ဝမ်းချူဖို့အတွက်လည်း ဆပ်ပြာကို သုံးတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတဲ့ ဆပ်ပြာကို ဘယ်လိုမှ မေ့ထားလို့ မရပါဘူး။
#ဆပ်ပြာနှင့်ဘေးထွက်ဆိုးကျိုးများ
ဆပ်ပြာဟာ ကောင်းကျိုးတွေ အများကြီး ရှိပေမယ့် ဆပ်ပြာကြောင့် ဘေးထွက် ဆိုးကျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ တချို့ ပြင်းထန်တဲ့ ဆပ်ပြာတွေကြောင့် အရေပြား ထိခိုက်တာမျိုးကို ဆေးကုသမှု ခံယူနေတဲ့ အချိန်တွေမှာ တွေ့ကြုံခဲ့ရဖူးပါတယ်။
ဆပ်ပြာတွေဟာ အယ်ကာလီ သတ္တိ ရှိတာကြောင့် အရေပြားရဲ့ အက်ဆစ်ဓာတ်ကို ပျက်စီးစေပြီး အရေပြား ခြောက်သွေ့တာမျိုး ဖြစ်ပေါ်စေတတ်ပါတယ်။ အရေပြား ခြောက်သွေ့ခြင်း၊ အရေပြားပေါ်မှာ အဖုအပိမ့်တွေ ပေါက်ခြင်း၊ အရေပြား ယားယံခြင်းတွေ ဖြစ်လာခဲ့ရင် တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
ဆပ်ပြာဆိုတာ ဓာတုပစ္စည်း ဖြစ်တာကြောင့် လူတချို့မှာ အရေပြား ကွာကျတာ၊ ဓာတ်မတည့်တာ၊ အနီကွက်တွေ ထွက်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်စေကာမူ အရေပြား ပြဿနာ တစ်ခုခု ပေါ်ပေါက်လို့ ဆေးခန်းလာပြတဲ့အခါ ကလေးငယ်တွေ သုံးတဲ့ ဆပ်ပြာအပျော့စားတွေကို အသုံးပြုဖို့ ညွှန်ကြားပြီး သုံးနေတဲ့ ဆပ်ပြာကို ခဏ ရပ်ထားဖို့ အမြဲ အကြံပေး ဖြစ်ပါတယ်။
ဆပ်ပြာအမြှုပ်တွေ မျက်စိထဲ ဝင်သွားတဲ့အခါ လက်နဲ့ ပွတ်တာမျိုးကို ရှောင်ရှားပါ။ ဆပ်ပြာ မျက်လုံးထဲမှာ အချိန်ကြာကြာ ဝင်နေမယ်ဆိုရင် မျက်လုံးအတွက် အန္တရာယ် ရှိပါတယ်။ ရေနဲ့ စင်ကြယ်အောင် မြန်မြန် ဆေးကြောပါ။ မျက်လုံး ရောင်ပြီး နီရဲလာရင် မျက်ရည်အတု ထည့်ပေးတာ၊ မျက်စိကို အနားပေးတာမျိုး လုပ်ဆောင်ပါ။ သက်သာမှု မရှိဘူးဆိုရင် မျက်စိ အထူးကု ဆရာဝန်နဲ့ပဲ ပြသသင့်ပါတယ်။
စောင့်မျှော် အားပေးနေကြတဲ့ ဧရာဝတီတိုင်းမ် မီဒီယာရဲ့ ပရိသတ်တွေလည်း သန့်ရှင်း ကျန်းမာတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ နောက်တစ်ပတ်မှာတော့ "လူနာများ မျှော်လင့်မိသော ကျန်းမာရေး ဝန်ဆောင်မှုနှင့် ခေတ်ပျက်" ဆိုတဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဆက်လက် စောင့်မျှော် အားပေးကြပါဦး ခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #နေ့စဉ်ဘဝအတွက် မရှိမဖြစ်ဆပ်ပြာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန် နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေး အသိပညာပေး အစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေး အသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)

2100
13:59
11.05.2025
နေ့စဉ် ဘဝအတွက် မရှိမဖြစ်ဆပ်ပြာ (ကျန်းမာရေးအသိပညာပေးဆောင်းပါး)
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ မေ ၁၁ ရက်)
ကျန်းမာတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ဖို့အတွက် ကိုယ်လက်သန့်ရှင်းရေးဟာ အင်မတန် အရေးကြီးပါတယ်။ ခန္ဓာကိုယ် သန့်ရှင်းမှ စိတ်ကြည်လင်ပြီး ရောဂါဘယတွေ ကင်းဝေးကာ ကျန်းမာခြင်းနဲ့ ပြည့်စုံမှာပါ။
ကျွန်တော်တို့ မရှိမဖြစ် လိုအပ်တဲ့ နေ့စဉ်သုံး ပစ္စည်းတွေထဲမှာ ဆပ်ပြာလည်း တစ်ခုအပါအဝင် ဖြစ်ပါ တယ်။ ချေးညော် အညစ်အကြေးတွေကို ဖယ်ရှားဖို့ အသုံးဝင်တဲ့ ဆပ်ပြာရဲ့ တန်ဖိုးကို ရှေးယခင် ကတည်းကပင် "ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ" ဆိုတဲ့ စကားပုံနဲ့ တင်စားခဲ့ကြတာကို ကြည့်ခြင်း အားဖြင့် သိနိုင်ပါတယ်။
နေ့စဉ်ဘဝမှာ ဆပ်ပြာရဲ့ အရေးပါမှုက ပြောစရာမလိုအောင်ပါပဲ။ မနက်မိုးလင်း အိပ်ရာထတာနဲ့ မျက်နှာသစ်ဖို့ ဆပ်ပြာကို သုံးရပါတယ်။ အိမ်သာ သွားပြီးချိန်မှာ လက်ဆေးဖို့၊ ရေချိုးပြီး ကိုယ်လက် သန့်စင်ဖို့၊ ပန်းကန် ခွက်ယောက်တွေ ဆေးကြောဖို့၊ အဝတ်အစားတွေ လျှော်ဖွတ်ဖို့၊ အိမ်တွင်း အပြင် သန့်ရှင်းရေး လုပ်တဲ့အခါ၊ စက်ဘီး၊ ဆိုင်ကယ်၊ ကား စတဲ့ ယာဉ်တွေကို ဆေးကြောတဲ့ အချိန်တွေမှာ ရေတစ်မျိုးတည်းနဲ့ ဘယ်လိုမှ မပြီးနိုင်ပါဘူး။ မဖြစ်မနေ ဆပ်ပြာကို သုံးရပါတယ်။
ကလေးငယ်တွေဆိုရင်လည်း ဆပ်ပြာပူစီဖောင်းလေးတွေနဲ့ ဆော့ကစားရင်း ပျော်ရွှင်နေ တတ်ကြပါတယ်။ တချို့ ခရီးသွား လုပ်ငန်းတွေမှာဆိုရင် ဆပ်ပြာမှုန့်တွေ အများကြီး ထည့်ထားတဲ့ ရေစိမ်ကန်တွေမှာ စိမ်ပြီး အပန်းဖြေနိုင်တယ်ဆိုတဲ့ ဆွဲဆောင်မှုတွေနဲ့ ခရီးသွားတွေကို ဖိတ်ခေါ်ကြ ပါသေးတယ်။ နောက်ပြီး အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ သဘာဝ ဆပ်ပြာလေးတွေ ရောင်းချတဲ့ ဈေးကွက်ကလည်း တဖြည်းဖြည်းနဲ့ တွင်ကျယ်လာတာကို တွေ့ရပါတယ်။
ဆပ်ပြာကို အလွယ်တကူ ဖောဖောသီသီ သုံးနေရတဲ့ အချိန်မှာတော့ ဆပ်ပြာရဲ့ ကောင်းကျိုးတွေကို သိပ်သတိမထားမိကြပါဘူး။ လွတ်မြောက်နယ်မြေ တောတွင်းလို နေရာမျိုးတွေမှာ ဆပ်ပြာ ရှားပါးတဲ့ အခြေအနေကို ကိုယ်တိုင် ကြုံတွေ့လာရမှ ဆပ်ပြာရဲ့ တန်ဖိုးကို တကယ် နားလည်လာပြီး တန်ဖိုးထားတတ်ကြပါတယ်။
နူးညံ့ ချောမွတ်တဲ့ ရေချိုးဆပ်ပြာကောင်းကောင်းလေးနဲ့ နေ့တိုင်း ရေချိုးခွင့်ရနေတဲ့ ဘဝဟာ တကယ်တော့ ကံကောင်းခြင်း တစ်ခုပါပဲ။ ဒါကြောင့် အရည်အသွေးကောင်းမွန်ပြီး မွှေးရနံ့ သင်းပျံ့တဲ့ ဆပ်ပြာတွေကို ချစ်ခင်ရတဲ့ တော်လှန်နယ်မြေတွေကို ပို့ဆောင်ပေးခြင်းဟာလည်း လူသားအချင်းချင်း ချစ်ခြင်းမေတ္တာကို မျှဝေခြင်း တစ်မျိုးပါပဲ။
ကျွန်တော်တို့ရဲ့ အရေပြားမှာရှိတဲ့ ချွေးပေါက်တွေနဲ့ အဆီဂလင်းတွေကနေ ချွေးနဲ့ အဆီတွေ ထွက်လာပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်မှုန့် အညစ်အကြေးတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ ချေးညော်တွေ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ရေချိုး သန့်စင်မှု မလုပ်ဖြစ်ဘူးဆိုရင် ချေးတွေ တစ်ထပ်ပြီး တစ်ထပ် တက်လာပြီး မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာကာ နောက်ဆုံးမှာ ချေးထူတဲ့ လူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။
ရေနဲ့ ဆပ်ပြာ ထိတွေ့ပြီး ဖြစ်လာတဲ့ ဆပ်ပြာအမြှုပ်တွေဟာ ခန္ဓာကိုယ်မှာ ကပ်နေတဲ့ အဆီထူတဲ့ ချေးတွေကို ဖယ်ရှားနိုင်တဲ့ အသုံးဝင်ဆုံး အရာတစ်ခုပါပဲ။ ဆပ်ပြာအမြှုပ်တွေက အဆီနဲ့ ချေးညော်တွေကို ပျော်ဝင်စေပြီး ရေနဲ့အတူ အလွယ်တကူ ဖယ်ရှားပေးနိုင်ပါတယ်။
ရှေးယခင် မြန်မာလူမျိုးတွေလည်း ဆပ်ပြာကို သုံးခဲ့ကြပါတယ်။ ချွဲတဲ့ သဘာဝရှိတဲ့ တရော်နဲ့ အညစ်အကြေးတွေကို ကင်းစင်စေတဲ့ ကင်ပွန်း စတဲ့ သဘာဝ ပစ္စည်းတွေကို အသုံးပြုပြီး ခေါင်းဆေး မင်္ဂလာပြုတာတွေ၊ ရေချိုးတော် ပြုတာတွေ ရှိခဲ့ကြောင်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ရိုးရာဆပ်ပြာကို ကင်ပွန်းသီးနဲ့ ဖန်တီးခဲ့ကြပါတယ်။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ဆပ်ပြာ အမျိုးမျိုးကို သုံးလာကြပြီး ဒီနေ့ခေတ်မှာတော့ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ချွတ်ဆေးဆပ်ပြာမှုန့်၊ လက်ဆေးဆပ်ပြာရည်၊ မှန်ဆေးဆပ်ပြာရည် စသဖြင့် ပစ္စည်းပေါင်း များစွာကို အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။
#ဓာတုပစ္စည်းပါဝင်သောဆပ်ပြာ
ကော့စတစ်ပိုတက် (KOH) နဲ့ ကော့စတစ်ဆိုဒါ (NaOH) တို့ဟာ အဆီနဲ့ ထိတွေ့ပြီး အပူပေးတဲ့အခါ ဆပ်ပြာအဖြစ် ဓာတ်ပြုပြောင်းလဲသွားပြီး ဆပ်ပြာနဲ့ ဂလစ်ဆရင်းကို ရရှိပါတယ်။ တချို့ အဆီ (ဖက်တီးအက်ဆစ်) တွေကို သုံးမယ်ဆိုရင်တော့ ဂလစ်ဆရင်း မရတော့ဘဲ ဆပ်ပြာ တစ်မျိုးတည်းကိုပဲ သီးသန့် ရရှိနိုင်ပါတယ်။ ဂလစ်ဆရင်းဆိုတာကတော့ ရေဓာတ်ကို ထိန်းပေးတဲ့ ဓာတုပစ္စည်း တစ်ခုဖြစ်ပြီး အရေပြားကို ချောမွေ့စေတဲ့အပြင် အသားအရေ ထိန်းသိမ်းတဲ့ ဆီအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
အရက်ပြန် ထည့်သွင်းပြီး ဆပ်ပြာချက်ကာ အပူပေးပြီး အရက်ပြန်ကို ဖယ်ထုတ်တဲ့ အအေးနည်း လမ်းကို သုံးမယ်ဆိုရင်တော့ အကြည်ရောင် ဆပ်ပြာကို ရရှိနိုင်ပါတယ်။ အပူနည်းလမ်းကို ရှောင်ပြီး အအေးနည်းနဲ့ ပြုလုပ်တဲ့ နည်းလမ်းကိုတော့ အိမ်တွင်း ဆပ်ပြာ ပြုလုပ်တဲ့သူတွေ အများဆုံး သုံးကြပါတယ်။ မွှေးရနံ့တွေ ထည့်သွင်းတာပဲဖြစ်ဖြစ်၊ ဆေးဝါးတွေ ထည့်သွင်းတာပဲဖြစ်ဖြစ် ဆပ်ပြာကို အိမ်မှာ အလွယ်တကူ ဖန်တီးနိုင်ပါတယ်။
#ဆပ်ပြာနှင့်ကျန်းမာရေးကောင်းကျိုးများ

1800
13:59
11.05.2025
နောင်ချိုကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်၊ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် စစ်ကောင်စီတိုက်ခိုက်
ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေ ၁၀ ရက် နံနက် ၆ နာရီ ၅၀ မိနစ်
ခန့်တွင် TNLA တပ်များရှိရာ သရက်ချိုရွာအနီးသို့ စစ်ကောင်စီက ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
ထို့အပြင် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင်လည်း TNLA တပ်နှင့် စစ်ကောင်စီတို့ ယာပြင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ဘူတာရပ်ကွက်၊ ဆမ်မဆယ်ရွာနှင့် အုမ္မတီးရွာတို့ကို ယမန်နေ့ မ ၁၀ ရက် ညနေပိုင်းအချိန်တွင် ဗုံး ခုနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည့်အတွက် နေအိမ်သုံးလုံးနှင့် ကားတစ်စီးတို့ ဗုံးစထိမှန်ပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
ထို့အပြင် စစ်ကောင်စီတပ်၏ တဲခေါ်ရွာမှနေ၍ နံနက် ၉ နာရီ ၃၂ မိနစ်ခန့်တွင် ဒရုန်းဖြင့် ဗုံးကိုးလုံးနှင့် အဆိပ်ငွေ့ဗုံး သုံးလုံးတို့ကို အုမ္မတီးရွာအတွင်း ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် မက်မန်းတောရွာနှင့် ခုနှစ်မိုင်သို့ ဗုံး ၁၈ လုံးနှင့် လက်နက်ကြီး ၁၄ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်လားသည်။
စစ်ကောင်စီက အပစ်ရပ်သက်တမ်းတိုးထားသော် လည်း နောင်ချိုမြို့နယ်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းတို့မှ နေ့စဉ်တိုက်ခိုက်လျက်ရှိသည်ဟုTNLA က ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့နှင့် ဆက်စပ်နေသည့် သပိတ်ကျင်းမြို့နယ်သို့လည်း ယမန်နေ့ညက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခတ်ခဲ့သည်။
#ရှမ်းမြောက် #နောင်ချို #တိုက်ပွဲဖြစ် #စစ်ကောင်စီ #လေကြောင်း #မြေပြင် #စစ်ကြောင်း #ဒရုန်း #လက်နက်ကြီး #ပစ်ခတ် #TNLA #Ayeyarwaddy_Times

1900
13:23
11.05.2025
ရွှေကျင်အခြေစိုက် စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အလောင်း ၃၀ ရရှိ
ဧရာဝတီတိုင်းမ်
(ရွှေကျင်)၊ မေ ၁၁ ရက်
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်း ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မေ ၈ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်းကို နှစ်ပတ်ကျော်ကြာ ဝိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် မေ ၈ ရက်နေ့ တစ်ရက်တာ တိုက်ပွဲအတွင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စ်ကောင်စီတပ်ဖွဲဝင် အလောင်း ၃၀ ခန့်တွေ့ရှိခဲ့ပြီးစစ်သုံ့ပန်း ခြောက် ဦး နှင့် မိသားစုဝင် ခုနစ် ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ခလရ-၅၉၈ တပ်ရင်း၏ တပ်ရင်းမှူး နှင့် အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၅၀ ဦးခန့်မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
"လက်ရှိမှာ နယ်မြေထိန်းထားပါတယ်။ စစ်ကောင်စီကလည်း ပြန်တိုက်ယူမယ်ဆိုပြီး စစ်တောင်းမြစ် အနောက်ဖက်ခြမ်းမှာ ပြင်ဆင်နေတာရှိပါတယ်။ ပတ်ဝန်းကျင်ရွာတွေတော့ လေယာဉ်နဲ့ လျှပ်တစ်ပြက် လိုက်ပစ်နေတာရှိသလို ပြည်သူထိခိုက်မှု၊ အိမ်ထိခိုက်မှုတွေရှိနေပါတယ်" ဟု ပဲခူးတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ပွိုင့်-၅ စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁-မမ၊ ၆၀-မမ လက်နက်ကြီးများ၊ လက်နက်မျိုးစုံ ၈၃ လက်၊ ဂျန်မာစက် သုံး လုံး၊ ခဲယမ်းအများအပြား နှင့် ဆက်စက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊ တပ်ဖွဲ့များ နှင့်အတူ ကရင်အမျိုးသာအစည်းအရုံး(KNU) တပ်မဟာ-၃၊ တပ်ရင်း-၇နှင့် ဒရုန်းအဖွဲ့များ ပူးပေါင်းတိုက်ပွဲ ဝင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ - NUG၊ MOD၊ Cloud Wings
#ရွှေကျင် #စစ်ကောင်စီတပ်ရင်း #ခမရ၅၉၈ #သိမ်းပိုက်ရရှိ #တိုက်ပွဲ #PDF #KNLA #Ayeyarwaddy_Times

2000
12:29
11.05.2025
ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းမှချပေးသည့် ၆၀ မမ ဗုံးသီးများ KIA ထံရောက်ရှိ၊ တပ်ဆေးရုံတွင် ဒဏ်ရာရလူနာများ၍ ကုသ၍မနိုင်ဖြစ်နေ
ဧရာဝတီတိုင်းမ်
မေ ၁၁ရက်
လနှင့်ချီကြာမြင့်လာသည့် ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုများပြီး တပ်ဆေးရုံတွင် ဒဏ်ရာရလူနာများ ပြည့်နှက်နေကြောင်း သိရသည်။
မြစ်ကြီးနား ခုတင် ၃၀၀ ဆံ့ တပ်ဆေးရုံ တဆရ ၁/၃၀၀ တမာတောဆေးရုံတွင် ဗန်းမော်တိုက်ပွဲမှ ပြန်လည်သယ်ဆောင်လာသည့် အတွင်းလူနာများဖြင့် ပြည့်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
"မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တပ်ဆေးရုံက မြစ်ကြီးနားလေဆိပ်ပဲခြားတယ်။ ဒီရက်ပိုင်း ဗန်းမော်တိုက်ပွဲအတွင်းကနေ လူနာတွေပြန်သယ်လာနိုင်တယ်။ လူအင်အားလည်း ရဟတ်ယာဉ် သုံးစင်းနဲ့ပို့တယ်။ တိုက်ပွဲအခြေအနေက ပြင်းထန်နေပါတယ်" ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ကိုယ်တိုင် တပ်ဆေးရုံသို့ ဆင်းလာကာ တိုက်ပွဲမှဒဏ်ရာ ပြင်းထန်လာသူများကို စစ်ဆေးကြည့်ရှုနေရပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် အနီးကပ် တိုက်ပွဲဖြစ်လာသည့်အတွက် စစ်ကောင်စီက လေကြောင်းမှ လက်နက်ရိက္ခာနှင့် လူအင်အားကို လေကြောင်းမှ ပို့ဆောင်နေရကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလေကြောင်းမှပို့ပေးသည့် လက်နက်ခဲယမ်းများထဲမှ ၆၀ မမ ဗုံးသီးများ KIA ပူးပေါင်းတပ်ဖွဲ့ထံ ရောက်ရှိသွားကြောင်း သိရသည်။
"Drop ချပေးတာ။ တိုက်ပွဲက အရမ်းနီးကပ်ပြီး ပြင်းထန်နေတာမို့ KIAဆီကျသွားတာ" ဟု သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် ဗန်းမော်ရှိ စကခ ၂၁နှင့် ခလရ ၄၇တို့တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တပ်စခန်း ၂၀ကျော်ကို တပြိုင်နက် ပိတ်ဆို့တိုက်ခိုက်နေရသည့် အနေအထားဖြစ်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပုံစာ- မြိုင်မြို့နယ်ပျူရွာသို့ ပေးပို့သည့် ရိက္ခာထုတ်များ တော်လှန်ရေးတပ်ဖွဲ့များကရရှိခဲ့စဥ် (ပုံဟောင်း)
#ဗန်းမော် #စစ်ကောင်စီ #စစ်ကူပို့ #၆၀မမဗုံးသီး #KIA #ရရှိ #တပ်ဆေးရုံ #လူနာပြည့် #Ayeyarwaddy_Times

11:42
11.05.2025
ဖားကန့်နတွင် တိုက်ပွဲပြင်းထန်နေပြီး တပ်ဆုတ်နေရသည့် စစ်ကောင်စီတပ်ကို KIA လိုက်လံ တိုက်ခိုက်
ဧရာဝတီတိုင်းမ်
မေ ၁၁ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကပ်မှော်ဇွပ်ရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၈ရက်နေ့က ကပ်မှော်ဇွပ်ဘုန်းကြီးကျောင်းနှင့် ဆုတောင်းတောင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သည် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။
ဆုတောင်းတောင်စခန်းတွင် ပြည်သူ့စစ်နှင့် စစ်ကောင်စီ၏ အမှတ်(၃) ခြေလျင်တပ်မဟာ (စကခ-၃) မှ ထုတ်နှုတ်အင်အားများ ပူးပေါင်းထားခြင်းဖြစ်ပြီး စွန့်ခွာထွက်ပြေးသွားသည့် အဆိုပါတပ်ကို KIA က လိုက်လံတိုက်ခိုက်သည့်အတွက် ကပ်မှော်ဇွပ်ရွာအနီး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
"ဖားကန့်ကိုရောက်ဖို့တော့လိုပါသေးတယ်။ နန့်တိန်း၊ ကျောက်ဖျာ၊ လယ်ပြင်ရွာတွေကို ဖြတ်ရဦးမှာပါ။ နန့်ယားအလွန် ကပ်မှော်ဇွပ်မှာ လတ်တလော တိုက်ပွဲရှိနေတယ်။ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားေတွ တပ်ဆုတ်နေရတယ်" ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့် မေ၁ရက်နေ့က နန့်ယားကျေးရွာအနီး ခင်တောင်ရွာသို့ရောက်ရှိကာ လက်နက်ကြီးများဖြင့် နန့်ယားပတ်ဝန်းကျင်ကို ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် စစ်အင်အားထောင်ချီသုံး၍ စစ်ကြောင်းများခွဲကာ ဖားကန့်ကို စစ်ကြောင်း ထိုးလာပြီး နောက် တိုက်ပွဲများပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဖားကန့်ရှိ လဝါး၊ နန့်ယား၊ ကပ်မှော်ဇွပ်၊ ဆိုင်းဖရာ၊ နမ်တိန်၊ လုန်ဘရာ၊ စွန်ဆိုဇွပ်နှင့် စဘော့ကျေးရွာတို့မှ ဒေသခံ ၂၃၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)
#ဖားကန့် #စစ်ကောင်စီတပ်ဆုတ် #KIA #တိုက်ပွဲ #Ayeyarwaddy_Times

10:30
11.05.2025
မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၈၅ နှစ်ကျော် သက်ကြီးရွယ်အိုများ၊ တိုင်းနှင့်ပြည်နယ် ၅ ခုရှိ ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက်ကလေးများ ထောက်ပံ့ငွေရရန် မေလကုန် နောက်ဆုံးစာရင်း သွင်းရမည်
ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
သက်ကြီးရွယ်အိုများထောက်ပံ့ပေးရေးအတွက် အသက် ၈၅ နှစ်ပြည့်ပြီးသူပုဂ္ဂိုလ်များ အနေဖြင့်လူမှုရေးပင်စင်ထုတ်ရန်အပါအဝင် ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်း၏အသက် ၂ နှစ်အောက် ကလေးများထောက်ပံ့ငွေရရန်အတွက် မေ ၃၁ ရက်နေ့နောက်ဆုံးထားပြီးစာရင်းပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီထံမှ သိရသည်။
စစ်ကောင်စီသည် ယခုနှစ်အစပိုင်းက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍနှစ် ဘတ်ဂျက်ဖြင့်ထောက်ပံ့ပေးမည်ဟု ပြောကြားပြီးနောက် ယခု မေလတွင် စာရင်းတောင်းယူခြင်းဖြစ်ပြီး အဆိုပါစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး (သို့မဟုတ်) နီးစပ်ရာလူမှုဝန်ထမ်းရုံးများတွင် စာရင်းပေးရမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ စာရင်းသွင်းရာတွင် ၁၉၄၀ ခုနှစ် ဧပြီ ၁ ရက်နေ့ ၊ တပေါင်းလဆုတ် ၁၀ ရက်မတိုင်မီမွေးဖွားခဲ့သည့် အသက် ၈၅ နှစ်ပြည့်ပြီးသူများ လူမှုရေးပင်စင်ခံစားခွင့် တစ်လ ၁၀,၀၀၀ ကျပ်ဖြင့် သုံးလတစ်ကြိမ် ၃၀,၀၀၀ ကျပ် ရရှိမည်ဖြစ်ကြောင်းသိရသည်။
" အရင်အစိုးရတွေက ထောက်ပံ့ကြေးရဖူးတယ်။ စစ်ကောင်စီ တက်လာပြီးမှ ဘာထောက်ပံ့ကြေး ပေးသံကိုမှ မကြားဘူး။ ပေးရင်တော့ကောင်းတာပေါ့။ အဘိုးရှိတုန်းကတော့ ရဖူးတယ် "ဟု ရန်ကုန်မြို့နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီနတိုင်းမ်ကို ပြောသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်း၏အသက် ၂ နှစ်အောက်ကလေးသူငယ်များကို ငွေကြေး ထောက်ပံ့ပေးရေး အစီအစဉ်တွင် ကရင်ပြည်နယ်၊ ကရင်နီ ( ကယား) ပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းအတွင်းနေထိုင်သူများ ထောက်ပံ့ငွေရရှိမည် ဖြစ်ကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့ငွေရရှိမည့်သူများမှာ ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်နေ့အတွင်း ကိုယ်ဝန်ဆောင် ဖြစ်ရမည်ဖြစ်ပြီး ၎င်းမှမွေးဖွားထားသူ အသက် ၂ နှစ်အောက်ကလေးသူငယ်များအတွက် တစ်လလျှင် ၁၅,၀၀၀ကျပ် ဖြင့် သုံးလစာရမည်ဖြစ်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှ စနတင်ကာ အထွေထွေစီးပွားရေးကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှာပါးမှုကြောင့် ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး မွေးကင်းစကလေးသူငယ်ချီကာတောင်းရမ်းစားသောက်ရသူများ၊ ကလေးသူငယ်တောင်းစားသူများနှင့် သက်ကြီးရွယ်အိုတောင်းစားမှုပိုမိုများလာကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ ၆ ဒသမ ၃ သန်းကျော်ရှိပြီး ယင်းထဲမှ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးရွယ်အို ၂၄၈,၉၁၁ ဦးရှိကြောင်းပြည်သူ့အင်အားဦးစီးဌာနထံမှ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန််ကြီးဌာနသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့က နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြည်သူများ၊ စစ်ဘေးရှောင်များထဲက သက်ကြီးရွယ်အိုများကို ငွေကြေးထောက်ပံ့ခဲ့ ပေးကြောင်း သိရသည်။
ဓာတ်ပုံ - NUG, Ayeyarwaddy Times
#သက်ကြီးရွယ်အို #အသက်၈၅နှစ်အထက် #ကိုယ်ဝန်ဆောင်မိခင် #၂နှစ်အောက်ကလေး #ထောက်ပံ့ကြေးပေးမည် #စစ်ကောင်စီ #Ayeyarwaddy_Time

07:39
11.05.2025
သာပေါင်းတွင် ဆိုင်ကယ်ကယ်ရီသမား၄ ဦးကို PDFထောက်ပို့ဟုဆိုကာ ဖမ်းဆီးထား
ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်
ဧရာ၀တီတိုင်း၊သာပေါင်းမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားလေးဦးကို ကို PDFထောက်ပံ့ရန် ပစ္စည်းများသယ်ဆောင်
သည်ဟုဆိုကာ စစ်ကောင်စီမှ မေ ၆ ရက်နေ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း-သဲဖြူ ကားလမ်း ခုနှစ်မိုင်မိုင်တွင် စစ်ကောင်စီတပ်နှင့် ရဲများမှ ဓါတ်ဆီနှင့်စားသောက်ကုန်များသယ်ဆောင်လာသူ ဆိုင်ကယ်ကယ်ရီ အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
"သူတို့က စားသောက်ကုန်လေးတွေကို ရွှေသောင်ယံဘက်ကို ပိုက်ဆံယူပြီးသယ်ပို့ပေးတာပါ။ အဲ့ဘက်ကဒေသခံတွေမှာလို့ ပို့တာ ထောက်ပို့တွေမဟုတ်ဘူး"ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဖမ်းဆီးခံရသူများမှာ သာပေါင်းဒေသခံ သုံးဦးပါ၀င်ပြီး လက်ရှိတွင်သာပေါင်းမြို့မရဲစခန်းတွင်ရိုက်နှက်စစ်ဆေးနေကာ မိသားစုနှင့်တွေဆုံခွင့်မပေးကြောင်းသိရသည်။
သာပေါင်း-မကျီးဇင် ကားလမ်းအနီးကျေးရွာများတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆီနှင့်ဆေးဝါးများကို ထောက်ပံ့ပို့ဆောင်သည်ဟုဆိုကာ ကန့်သတ်စစ်ဆေးနေကြောင်း
ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင်လည်း အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ကုန်သယ်ယူခွင့်ကန့်သတ်ခြင်း၊ လုပ်ငန်းရှင်များကို ထောက်ပံ့သည်ဟု စွပ်စွဲကာဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
#သာပေါင်း #ဆိုင်ကယ်ကယ်ရီသမား၄ဦး #PDFထောက်ပို့ဟုဆိုကာ #ဖမ်းဆီးထား #Ayeyarwaddy_Times

06:22
11.05.2025
မော်ချီးတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ
ဧရာဝတီတိုင်းမ်
(မော်ချီး)၊ မေ ၁၁ ရက်
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယမန်နေ့ ဧပြီ ၁၀ ရက်၊ နေ့လယ် ပိုင်းအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ထံမှ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မော်ချီးဒေသရှိ အရပ်သား နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"ဒါကတော့ သိတဲ့အတိုင်း စစ်ကောင်စီက တကယ့်ကိုမဟာဗျူဟာကျကျ နိုင်ငံအနှံ့အပြားမှာ လေယာဉ်နဲ့ ဗုံးကြဲမယ်ဆိုတဲ့အတိုင်းကိုလုပ်နေတယ်လို့ မှတ်ယူတယ်။ သေချာတာတစ်ခုကတော့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေဦးမှာပဲ။ ကျွန်တော်တို့ဘက်မှာလည်း ကျပန်းစစ်ဆေးမှုတွေကတော့ နိုင်သလောက်တော့လုပ်တယ်ပေါ့နော်။ အပြည့်အဝထိန်းချုပ်နိုင်မှာတော့ မဟုတ်ဘူးပေါ့နော်" ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည်မှာ ယခုအကြိမ်နှင့်ဆိုပါက လေးကြိမ် မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၂၄ ရက်၊ ၂၆ ရက်နေ့တွင်တစ်ကြိမ်၊ မတ် ၇ ရက်နေ့တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီသတင်းပေး နှင့် လုံခြုံရေးအခြေ အနေစိုးရိမ်မှုများကြောင့် မော်ချီးဒေသကို Star Link အင်တာနက်အသုံးပြုခွင့်တစ်လပိတ်ပင် လိုက်ကြောင်းကိုလည်း ပြီးခဲ့သည့် ဧပြီ ၂၈ ရက်တွင် ခရိုင်ပူး ပေါင်းအုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။
"အင်တာနက်တွေတချို့မြို့နယ်တွေမှာ တားမြစ်ချက်တွေ ကန့်သတ်ချက်တွေ ကလည်း ပြောစရာ ဖြစ်တာကျွန်တော်တို့နားလည်ပါတယ်။ အခြားတစ်ဖက်မှာလည်း အများသူငှာရဲ့လုံခြံရေးကို အကြိမ် ပေါင်းများစွာ ထိခိုက်ပျက်စီးမှုကနေ တစ်ကြိမ်နှစ်ကြိမ်ထိခိုက်ပျက်စီးမှုကို လျော့ချနိုင်ရင်အများကြီး သက်သာရာရတယ်လို့ပဲခံယူပါတယ်။ ရန်သူကရန်သူအလုပ်ကိုလုပ်တဲ့အတွက် အတက်နိုင်ဆုံး တားဆီး နိုင်ဖို့ကာကွယ်နိုင်ဖို့ လုပ်တဲ့သဘောပဲဖြစ်ပါလိမ့်မယ်" ဟု IECအတွင်းရေးမှူး-၂က အင်တာနက် ပိတ်ပင်သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို ပြောဆိုခဲ့သည်။
ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုများ ကြောင့် အရပ်သား ၁၈ ဦးနှင့်အထက်သေဆုံးခဲ့ပြီး ၃၉ ဦးနှင့်အထက်ဒဏ်ရာရရှိခဲ့ကြောင်း Karenni Human Rights Group ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ - လူမှုကွန်ရက်
#ကရင်နီ #မော်ချီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times

04:32
11.05.2025
close
Reviews channel
No reviews
New items
Channel statistics
Rating
3.2
Rating reviews
0.0
Сhannel Rating
3
Subscribers:
33.1K
APV
lock_outline
ER
4.9%
Posts per day:
14.0
CPM
lock_outlineSelected
0
channels for:$0.00
Subscribers:
0
Views:
lock_outline
Add to CartBuy for:$0.00
Комментарий